The Best English 4 You
Forum
Dictionary
Articles
contact
Songs
Video
U.S Citizenship Test
BBC English
Rain စကားလုံးဆိုင်ရာ အီဒီယံအသုံးနှုန်းများ
_
ဗွီအိုအေ အင်္ဂလိပ်သင်ခန်းစာ- ဆရာမ ဒေါ်လှလှသန်း၏ အီဒီယံအသုံးပို့ချချက်
ဒီသတင်းတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ rain check, raining
day, rain maker နဲ့ it never rain, but pours စတဲ့ အီဒီယံ အသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။
ပထမဦးဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ rain check ဖြစ်ပါတယ်။ Rain = မိုး, Check = ချက်လက်မှတ်
တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က မိုးချက်လက်မှတ် ဖြစ်ပါတယ်။ ဒီ အသုံးဆင်းသက်လာတာကတော့
ဥပမာ ဘောလုံးပွဲတပွဲဆိုပါတော့ လူပေါင်း သောင်းနဲ့ချီအားပေးနေတဲ့ ပွဲတပွဲမှာ ပွဲကောင်းနေတဲ့အချိန်မှာ ကိုယ်ရွှေမိုးက ဗြုန်းကနဲ
ရွာချလိုက်တယ်ဆိုရင် ရွာချတဲ့မိုးက သာမန်မိုးမဟုတ်ဘဲ လေရောမိုးပါ ပြင်းထန်လာတယ်ဆိုရင် ဘောလုံးကစားသူတွေနဲ့
ပွဲကြည့်အားပေးသူတွေအဖို့ အိမ်ပြန်ရန်သာ ရှိပါတော့တယ်။ ပွဲကြည့်ပရိသတ်က လက်ပိုက်ပြီး
အိမ်မပြန်ဘဲ ဘောလုံးပွဲကျင်းပပြုလုပ်သူတွေဆီက နောက်ပွဲပြန်ကြည့်နိုင်ဖို့ အစားထိုးလက်မှတ်တောင်းယူရကြတယ်။ ဒါကို
အမေရိကမှာတော့ rain check မိုးလက်မှတ်လို့ ခေါ်ပါတယ်။ မိုးရွာလို့ အစားထိုး ထုတ်ပေးတဲ့လက်မှတ်ဖြစ်ပါတယ်။
ဒီ rain check ဆိုတဲ့ အသုံးအနှုန်းဟာ နောက်တခါ အခွင့်အရေးပေးတဲ့ ယေဘုယျကိစ္စတိုင်းမှာ သုံးလေ့ရှိတဲ့
အသုံးအနှုန်းလည်း ဖြစ်လာပါတယ်။ ဥပမာကုန်တိုက်တတိုက်မှာ
ရုပ်မြင်သံကြားစက်တွေကို ဈေးလျှော့ရောင်းနေတုန်းမှာ
သတ်မှတ်ရက်မကုန်ဆုံးခင် ဝယ်သူတွေ များလွန်လို့ ရောင်းတဲ့ကုန်ပစ္စည်းတွေ
ကုန်သွားတယ်ဆိုရင် နောက်လာဝယ်သူတွေအတွက် ဒီလျှော့ဈေးအတိုင်း ပေးနိုင်ဖို့ လက်မှတ်လေးတွေ ထုတ်ပေးပါတယ်။
အဲဒါကိုလည်း rain check ထုတ်ပေးတယ်လို့ သုံးနှုန်းပါတယ်။
ဒီ အသုံးအနှုန်းကိုပဲ လူမှု့ဆက်ဆံရေး နယ်ပယ်မှာလည်း သုံးစွဲကြပါတယ်။ ဥပမာ အမျိုးသမီးတဦးကို အမျိုးသားတဦးက ညနေစာ
လိုက်စားဖို့ ဖိတ်ခေါ်တယ်ဆိုပါစို့။ အမျိုးသမီးက တခြားကိစ္စတွေ များနေတာကြောင့် နောက်များမှပဲလို့ ငြင်းတဲ့အခါမှာ
အမျိုးသားက ပြန်ပြောတဲ့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
I am sorry you are busy tonight Mary. Would you like a rain check?
Mary ဒီည အလုပ်များနေတဲ့အတွက်ကြောင့် စိတ်မကောင်းပါဘူး။ ဒါကြောင့်မို့လည်း နောက်တခါသွားဖို့ ဖိတ်ကြားရင် ရမလား။
ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းက raining day ဖြစ်ပါတယ်။ Raining = မိုးရွာ (နေ) သော, Day = နေ
တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ မိုးရွာသောနေ့ ဖြစ်ပါတယ်။ အီဒီယံအသုံးမှာတော့ ဒုက္ခရောက်တဲ့အခါ၊
အကြပ်ရိုက်နေတဲ့အခါမှာ ရည်ညွှန်းသုံးလေ့ရှိပါတယ်။
ဒီ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
When I got my income tax refund, I thought about buying a new refrigerator, but I
decided instead to put the money in the bank for a raining day.
အမြတ်တော်ခွန် ပေးဆောင်ထားတဲ့အထဲက ပြန်အမ်းငွေကို ကျနော်ပြန်ရတဲ့အခါ ရေခဲသေတ္တာတလုံး ဝယ်မလားလို့
စိတ်ကူးမိတယ်။ ဒါပေမဲ့ အဲဒီအစား အရေးကြုံတဲ့အခါ ခြေစောင့်လက်စောင့်ထားဖို့ ဘဏ်ထဲမှာသိမ်းထားမယ်လို့ ဆုံးဖြတ်ခဲ့တယ်။
မိုးဟာ အသက်ရှင်နေထိုင်ရေးအတွက် အင်မတန်မှ အရေးကြီးတဲ့အတိုင်း မိုးခေါင်တဲ့အချိန်မှာ မိုးရွာပါတော့ မိုးဒေဝါရယ်လို့
ဆုတောင်းရတဲ့အခြေအနေတွေလည်း ရှိပါတယ်။ ရှေးခေတ်တုန်းက အမေရိကန် အင်ဒီးယန်လူမျိုးတွေဟာ နွေရာသီ
မိုးခေါင်တဲ့အချိန်မှာ မိုးခေါ်ဖို့ ကခုန်ကြတာရှိပါတယ်။ ကျမတို့ မြန်မာနိုင်ငံရဲ့  မိုးခေါင်တဲ့ အညာဒေသတွေမှာ မိုးခေါ်တဲ့
လွန်ဆွဲပွဲတွေ ရှိသလိုပေါ့။ ဒါကြောင့် ဆက်လက် တင်ပြပေးမယ့် အီဒီယံ အသုံးအနှုန်းမှာ rain maker ဖြစ်ပါတယ်။
Rain = မိုး, Maker = ပြုလုပ်သူ၊ ဖန်တီးသူ တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က မိုးရွာနိုင်ဖို့
ဖန်တီးနိုင်စွမ်းရှိသူ၊ ပုဂ္ဂိုလ် လို့ ပြောနိုင်ပါတယ်။ ကာလပြောင်းလဲလာတာနဲ့အတူ မိုးဖန်တီးရှင်လို့ အဓိပ္ပါယ်ရတဲ့ rain maker
ဟာ စီးပွားရေးပျက်ဖို့ အခြေစိုက်နေတဲ့ ကုမ္မဏီကို ကယ်တင်နိုင်စွမ်းရှိတဲ့ အထူးအရည်အချင်း ပြည့်ဝတဲ့ ပြင်ပပုဂ္ဂိုလ်တဦးကို
ရည်ညွှန်းပြောဆိုလာပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တဦးက သူ့ရဲ့  စီးပွားရေးလုပ်ဖော်ကိုင်ဖက်တဦးကို ကုမ္မဏီအခြေအနေနဲ့ ပတ်သက်ပြီး ပြောတဲ့ George
Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Dave, we are losing more money every month. Let’s call in a rain maker from that
management firm and see whether he can turn the situation around on us.
Dave, ကျနော်တို့တော့ လစဉ် ငွေတွေ အများကြီးအရှုံးပေါ်နေပြီ။ ဟို စီမံအုပ်ချုပ်ရေးကုမ္မဏီ က ကယ်တင်နိုင်မယ့်
ကျွမ်းကျင်ပညာရှင်တယောက်လောက် ခေါ်ယူရအောင်။ ကျနော်တို့ အခြေအနေကို ပြန်ကောင်းအောင် သူလုပ်နိုင်မလားလို့ြ
ကည့်ရအောင်။
မိုးနဲ့ ပတ်သက်ပြီး နောက်ဆုံးတင်ပြပေးမယ့် စကားစုကတော့ it never rain, but it pours ဖြစ်ပါတယ်။
ဒီနေရာမှာ နောက်ဆုံးစကားလုံးဖြစ်တဲ့ pours က သွန်းချသည် ဖြစ်ပါတယ်။ မိုးဟာ ရွာမယ်ရွာမယ်နဲ့ မရွာဘူး။ ရွာပြန်တော့လည်း
ဒလဟော သွန်းချလိုက်သလို ရွာတော့တာပဲလို့ တိုက်ရိုက်ပြန်ဆိုနိုင်ပါတယ်။ အီဒီယံအသုံးအရတော့ ဒုက္ခဆိုတာ တခုပြီးမှတခု
မလာဘူး။ တပြန်တည်း စုပြုံးကျလာနိုင်တယ်လို့ အဓိပ္ပါယ်ရပါတယ်။ ကျမတို့ မြန်မာမှာလည်း ထပ်တူထပ်မျှ မဟုတ်ပေမယ့်လို့
ဒုက္ခနဲ့ ပတ်သက်လို့ ဆင်တူယိုးမှားဖြစ်တဲ့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုတဲ့ အသုံးရှိပါတယ်။
ဒီ အီဒီယံအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
stole his car. Like they say it never rain, but it pours.
Mike တယောက်အတွက် ကျနော် တကယ်ပဲ စိတ်မကောင်းပါဘူး။ ပထမ သူ့မိန်းမက သူကို ပစ်သွားတယ်။ နောက်
သူအလုပ်ပြုတ်တယ်။ တခါ သူ့ကား အခိုးခံရပြန်တယ်။ ဆိုရိုးစကားအတိုင်း ဒုက္ခဆိုတာ စုပြုံးပြီး ကျရောက်လာတတ်တယ်လေ။